ရမ်းဗြဲမြို့နယ်တွင်မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်းများ၊လူနေအိမ်များ၊ပြည်သူများအတွက်ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်တွင်မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်းများ၊လူနေအိမ်များ၊ပြည်သူများအတွက်ထောက်ပံ့ငွေများပေးအပ်








MNP ၊    ဇွန်   ၄

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊လူနေအိမ်များ၊ပြည်သူများအတွက် ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ( ၁ )နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ကျင်းပခဲ့သည်။


   အခမ်းအနားတွင် ရမ်းဗြဲမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းအေးက လမ်းညွှန်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ဦးစီးမှူး ဦးချမ်းမြေ့ထွန်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


   ထို့နောက် ဗိုလ်မှူးချုပ်ဇော်မင်းအေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်သန်း၊ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဦးစီးမှူး ဦးချမ်းမြေ့ထွန်းတို့က မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၆)ကျောင်းအတွက် တစ်ကျောင်းလျှင်(၉၀၀၀၀)ကျပ်နှုန်းဖြင့်(၅၄၀၀၀၀)ကျပ်ကိုလည်းကောင်း၊လူနေအိမ်(၁၂၂)အတွက်တစ်အိမ်လျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့်(၃၆၆၀၀၀၀)ကျပ်ကိုလည်းကောင်း၊ပြည်သူ(၄၈၉)ဦးအတွက်လူတစ်ဦးလျှင်ဆန်ရိက္ခာ(၇)ရက်စာအတွက်(၂၁၀၀)နှုန်းဖြင့်(၁၀၂၆၉၀၀)ကျပ်ကိုလည်းကောင်း၊စုစုပေါင်းထောက်ပံ့ငွေ(၅၂၂၆၉၀၀၀)ကျပ်နှင့်(၃၁-၅-၂၀၂၃)ရက်နေ့ကမိုးကြိုးထိမှန်သေဆုံးသူနှစ်ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀၀)နှုန်းနှင့်(၆၀၀၀၀၀)ကျပ်အားသဘာ၀ဘေးဒဏ်ခံစားခဲ့ရသောပြည်သူများထံ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)