အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်





MNP ၊ မေ  ၁

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ဇွန်လ ၁ ရက်နေ့ နံနက် ၉နာရီအချိန်မှစ၍ စတင်ဖွင့်လှစ်ရာ အထက်တန်းအဆင့်/အလယ်တန်း အဆင့်/မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ အခြေခံပညာသင်ကြားရန်အတွက် ကျောင်းသို့ ပျော်ရွှင်စွာ လာရောက်လျက်ရှိသည်။ 


 အမ်းမြို့နယ်၌ တပ်တောင်မြို့အပါအဝင် အခြေခံပညာကျောင်း အ.ထ.က(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၁)ကျောင်း၊ အ.လ.က (၂၇)ကျောင်း ၊ အ.လ.က (ခွဲ) (၂၈)ကျောင်း၊ (မူလွန်)(၃၅)ကျောင်း၊ အ.မ.က(၆၅) ကျောင်း၊ အ.မ.က(ခွဲ)(၄၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၂၂၃) ကျောင်းရှိရာ မေလ ၂၃ ရက်နေ့မှ စ၍ မေလ ၃၁ ရက်နေ့ အထိ ကျောင်းအပ်လက်ခံခြင်းများကိုဆောင်ရွက်ပေးပြီး ကျောင်းသား၊ကျောင်းသူများအတွက် ဖတ်စာအုပ် ကျောင်းသုံးဗလာစာအုပ် ၊ ခဲတံ ၊ ကျောင်းဝတ်စုံများကို  အခမဲ့ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။    


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)