မုံရွာမြို့သစ်တောဦးစီးဌာန၌ ပျိုးပင်ပေါင်း (၂၁၆၄၀၀) ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့သစ်တောဦးစီးဌာန၌ ပျိုးပင်ပေါင်း (၂၁၆၄၀၀) ပျိုးထောင်ထားရှိ



MNP ၊    ဇွန်   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနသည် သဘာဝတောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် ပျိုးဥယျာဥ်များတွင် ၂၀၂၃ ခုနှစ်အထိ ပျိုးထောင်ထားရှိမှုမှာ စုစုပေါင်း (၂၁၆၄၀၀)ပင်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ပြည်သူလူထုအတွင်း သစ်ပင်စိုက်ပျိုးရေး၊ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ လူထုလှုပ်ရှားမှု အသွင်ဖြင့် မုံရွာခရိုင်အတွင်းရှိမြို့နယ် အသီးသီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွား မည်ဖြစ်ပြီး မုံရွာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးရန်အတွက် မိမိအစီအစဥ်ဖြင့် ပျိုးပင်ပေါင်း ၂၇၂၉၈ ပင်၊ အထူးပျိုးပင်ပေါင်း ၂၅၀၀၀ ပင်၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂-ခုနှစ်အထိ ပျိုးပင်လက်ကျန်ပေါင်း ၄၉၁၀၂ ပင်၊  ၂၀၂၃ ခုနှစ် ပျိုး‌ထောင်ပျိုးပင်ပေါင်း(သစ်မျိုးစုံ) ၇၄၀၀၀ ပင်၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ စွယ်တော်၊ ယင်းမာ၊ တည်၊ ခရေ၊ စိန်ပန်း၊ မျောက်ငို၊ မဟော်ဂနီ အပါအဝင် သစ်မျိုး(၃၃)မျိုးပါဝင်ပြီး ၂၀၂၃-ခုနှစ်တွင် တမာပျိုးပင် ၂၈၀၀၀ ပင်နှင့်  ဝါးပျိုပင်ပေါင်း  ၁၃၀၀၀ ပင်၊ စုစုပေါင်း ပျိုးပင်ပေါင်း ၂၁၆၄၀၀ ပင်ကို ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း လာမည့်မိုးရာသီတွင် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြေ ရေးနှင့် ဒေသခံပြည်သူများ၏ လောင်စာထင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးကို အထူးအလေးထား ရည်ရွယ်၍ ကျေးရွာ ထင်းစိုက်ခင်းများ၊ လူထု လှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုးစုံတို့ကိုလည်းကောင်း ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နှင့် ဒေသခံပြည်သူများသို့ ပျိုးပင်ပေါင်း မျိုးစုံတို့ကို လည်းကောင်း ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း  သိရသည်။


အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်ပေါင်း (၂၁၆၄၀၀) ပင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ သစ်မျိုးစုံ ပျိုးပင်များအပြင် တမာပျိုးပင်နှင့် ဝါးပျိုးပင်များကို  လာမည့်မိုးရာသီ၌ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင် တို့တွင် ဒေသစိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ညီညွတ်မျှတစေရေးတို့ အတွက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းနှင့် အိမ်တွင်းစက်မှု၊ လက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပြုစေရန်အတွက်  အရှိန်အဟုန်မြှင့် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)