Pages

Pages

မိုင်းဆတ်မြို့၌ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ




MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ (မြန်မာမှုအပါ) ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ ခရိုင်သာသနာရေးမှူး ဦးမျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် သဗ္ဗညုကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္ဓဇောတိကဓဇ ဘဒ္ဒန္တဣန္ဒကတို့က မင်္ဂလာအချိန်တွင် သတ်မှတ်နေရာ၌ ပန္နက်ငုတ်များရိုက်ကာ အမွှေးနံ့သာရည်ပက်ဖျန်းခဲ့ကြသည်။


အဆိုပါ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကျောင်းဆောင်သစ်အား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့် ပြုရန်ပုံငွေဖြင့် အလျား (၆၀) ပေ၊ အနံ (၃၀) ပေ RC နှစ်ထပ် အဆောက်အဦအား မနောချယ်ရီ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment