ပေါက်တောမြို့၌ မျိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ မျိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်




MNP ၊    ဇွန်   ၁၅

ရခိုင်ပြည်နယ်  ပေါက်တောမြို့၌  ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်နှင့်စံပြကွက်များပြုလုပ်ရန်အတွက် မျိုးစပါးများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်း မ၌ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး က ထောက်ပံ့ပေးအပ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


 ထို့နောက်  တာဝန်ရှိသူများက နတ်တောင်ပြင်ကျေးရွာ၊ စိုင်းတုတ်ကျေးရွာ၊ အလယ်ကျွန်းကျေးရွာ၊သဝင်ချောင်းကျေးရွာ နှင့် မြင့်ဂါကျေးရွာများမှ တောင်သူများအား မိုးစပါး မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ကြသည်။ ထို့ပြင် တက်ရောက်လာကြသည့် တောင်သူများကလည်း မိုးစပါးစိုက်ပျိုးထုတ်လုပ်နည်းပညာ များနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်းသိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)