ပိုင်ကျုံမြို့ အ.ထ.ကပိုင်ကျုံကျောင်း၌ ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုရန်ပုံ‌ငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ အ.ထ.ကပိုင်ကျုံကျောင်း၌ ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုရန်ပုံ‌ငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး




MNP ၊    ဇွန်   ၂၈

နိုင်ငံတစ်ဝန်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားလူငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှအခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.ထ.က ပိုင်ကျုံကျောင်း၌ Steel Structureဖြင့် (ပေ ၁၂၀×ပေ၃၀)ရှိတစ်ထပ်ကျောင်းဆောင် သစ်တစ်လုံး တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါကျောင်း‌ဆောင်သစ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၃၃.၂၀၀)သန်းဖြင့် ရှားမူလာကုမ္ပဏီမှ တာဝန်ရှိသူများတို့မှ ၂၀၂၂ခုနှစ်၊  ဇွန်လမှ စတင်အကောင်အထည်ဖော်ရှိရာ၂၀၂၃ခုနှစ်၊ဇွန်လ၂၇ရက်နေ့တွင်ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်းသိရသည်။


ယခုအခါ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးဖြစ်၍ အ.ထ.က ပိုင်ကျုံကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသားလူငယ်များအနေဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။


နော်ခူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)