ဂွမြို့နယ်၌ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမြို့နယ်၌ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

31

32

33

34

35


MNP ၊    ဇွန်   ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များ ပေါက်ပွားမှု မရှိစေရေး ကြိုတင် ကာကွယ် နှိမ်နင်းရေးဖြစ်သည့်  အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊  ခြင်ဆေး ဖြန်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကင်းရုံးရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင်  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးပါက အသက် ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သော ကြောင့်   ကြိုတင် ကာကွယ်ရေးအတွက် ကင်းရုံးရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များတွင် အဘိတ်ဆေး ခတ်ခြင်း၊ ဘုရားပန်းအိုးများ၊ သုံးရေအိုးများ စသည်များတွင် ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး မိုးရေတင်ကျန် နိုင်သည့်ဖော့/ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအတွင်းတွင် ရေတာရှည်စွာ မတင်နိုင်စေရေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages