Pages

Pages

နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်၊ စာစောင်များကို နေ့စဉ်လာရောက် ဌားရမ်းဖတ်ရှု



MNP ၊    ဇွန်   ၃၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များ အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက် တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။


ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကားတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် မိုးသောက်ပန်းစာအုပ်များ၊ ရွှေသွေးဂျာနယ်၊ Happy Time၊ တိုင်းရင်းသားရိုးရာ ရုပ်ပုံပြပုံပြင်စာအုပ်များ စသည့်စာအုပ်၊ စာစောင်များအပြင် ကလေးများ အကြိုက်ပြိုင်ပွဲအစီအစဉ်များ၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်သည် ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ (Talk Show) များနှင့် သင်တန်းများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများ ပျော်ရွှင်စေရန်နှင့် စိတ်အေးချမ်းသာစွာ စာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးများစိတ်ကြိုက် ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူအရုပ် ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment