Pages

Pages

ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်





MNP ၊    ဇွန်   ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရာ၌ ကျောင်းသား/သူ များ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကော့သောင်းမြို့၊ အထကခွဲ အလက (၂) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်းဦးနှင့်အဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ပူးပေါင်း၍ စာသင်ကျောင်းခန်းများ၊ သန့်စင်ခန်းများ၊ လူသွားလူလာ များရာနေရာများ၊ ခြင်ပေါက်ပွားရန် လွယ်ကူသော နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စက်ကိရိယာများဖြင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment