မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး






MNP ၊    ဇွန်   ၁၉

   မေလ(၁၄)ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအား ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ယနေ့၊ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့်ဌာနဆိုင်ရာရုံးဌာနများသို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။


   ထိုသို့စစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်တို့ သည် အမှတ်(၄) မူ/လွန်(ရွာဟောင်း)၊မူ/လွန်(မြို့သစ်)၊ အထက(ပုဏ္ဏားကျွန်း)နှင့် ဌာနဆိုင်ရာရုံးဌာနများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ဆောင်ရွက်ရန် လိုအပ်သည့် အခြေ အနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များကို ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီ ယာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။


     ထိုနောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့သုဿာန်သို့ သွားရောက်ပြီး၊ နာရေးကူညီမှုအသင်းနှင့်တွေ့ဆုံကာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နာရေး ကားနားနေဆောင်ပြိုလဲပျက်စီးမှုနှင့်အမိုးလန်ပျက်စီးခဲ့သော သုဿာန်ဇရပ်ခေါင်မိုးများအား ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)