မာန်အောင်မြို့နယ်၌ (၃၆)ကြိမ်မြောက်အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ (၃၆)ကြိမ်မြောက်အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်သည့်(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အ လွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့် ဆုချီမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲကအဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။


       အခမ်းအနားတွင် မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက အဖွင့် အမှာစကားပြောကြားပြီးအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်သန်းဝင်းက ကျောင်းသား၊ကျောင်းသူ လူငယ်များအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အ ချက်အလက်များ၊ မူးယစ်ဆေးဝါးအန္တ ရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြင့်ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲရလဒ်ဆိုးကျိုးများအကြောင်း၊အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာမည့် ရောဂါလက္ခဏာများ၊မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ သုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအ ကြောင်းအရာများကို ပြောကြားခဲ့သည်။



     ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကာတွန်း၊ပန်းချီ၊ပိုစတာပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူများအား ဆုများ ချီးမြှင့်ရာပြည်နယ်(အလယ်တန်း)အဆင့်

 ပန်းချီပြိုင်ပွဲတွင် တတိယဆုရ အ-လ-က ခအုန်းမော်(Grade-7)မှမောင်ပြည့်စိုးဗိုလ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက ဆုငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း၊ပြည်နယ် (မူလတန်း )အဆင့် ပန်းချီပြိုင်ပွဲတွင် တတိယဆုရ အ-မ-က အနောက်စု(Grade-5)မှ မသိင်္ဂီဝင်းတင်အား အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ယာယီရဲမှူး အောင်သန်းဝင်း ကလည်းကောင်း၊ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။


   အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ဆရာ/ဆရာမများ၊ကျောင်းသား/သူများ စုစုပေါင်း၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)