Pages

Pages

ပဲခူးမြို့၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၂၇

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်က (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မူးယစ်တားဆီးရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။


ထို့နောက်(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အခြေခံပညာ အထက်တန်းအဆင့် ဆုရရှိသူများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အကဲဖြတ်ဒိုင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။


ယင်းနောက်တက်ရောက်လာကြသူများက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ မူးယစ်ဆေးဝါးအသိပညာပေး ပြခန်းများနှင့် ဆုရကျောင်းသား/သူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူတာပန်းချီတို့အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့အထိ အမှုပေါင်း (၂၃၃)မှု၊ တရားခံ(၃၇၄)ဦးနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး စုစုပေါင်းကျပ်သိန်းပေါင်း(၂၇၃၃၇)ကျော် ဖမ်းဆီး ရမီခဲ့သည့်အပြင် ထိန်းချုပ်ဓာတုဆေးဝါး ပစ္စည်းတန်ဖိုး ကျပ်သိန်း(၈၀၀)ကျော်နှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း(၂၉၇၉)ကျော်ကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment