ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ဆေးဝါးကုသမှုပေးနေမှုများ နှင့် ကျောင်းသားကျောင်းသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအားသွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ဆေးဝါးကုသမှုပေးနေမှုများ နှင့် ကျောင်းသားကျောင်းသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအားသွားရောက်ကြည့်ရှုအားပေး








MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မောင်တော-ဘူးသီးတောင် ကား လမ်းမ ဘေးရှိ ခရိုင် တရားရုံးအနီးတွင် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကာ  မြို့မ တောင်ရပ်ကွက်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ဆေးဝါး ကုသမှု ပေးနေမှုများ နှင့်  ကျောင်းသားကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွား ရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ 


ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက အမှာ စကားပြောကြားရာတွင် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော သစ်တောသယံဇာတများ ရေရှည် တည်တံ့စေဖို့ ၊ဂေဟစနစ်ထိန်းသိမ်းနိုင်ရန် နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများ တက်ကြွစွာ ပူးပေါင်း ပါဝင်လာစေဖို့ စသည့် ရည်ရွယ်ချက်များ နှင့် ကျင်းပြရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက်၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် ပြန်လည် ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိ နေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မောင်မောင်လေး  ၊ ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦး ကံထွန်း အောင်တို့က သစ်ပင်များ စိုက်ပျိုးနိုင်ရန် အတွက်  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ဒေသခံပြည်သူများ ၊လူမှုရေးအသင်း အဖွဲ့များ အား ပျိုးပင်များအား အသီး သီး ပေးအပ်ကာ မြို့သူကြီးရပ်ကွက် ၊ ခရိုင်တရားရုံးအနီး သတ်မှတ်နေရာ အသီးသီးတွင်  စနစ်တကျ တပျော်တစ်ပါး စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုး နေမှုများ အား တာဝန်ရှိသူများက  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့သို့ မိုးရာသီ သစ်ပင် စိုက်ပျိုးရာတွင်  ကျွန်း ၃၀၀ ပင် ၊ ပျဉ်းကတိုး ၄၀၀ ပင် ၊ မန်ဂျန်ရှား ၁၀၀ ပင် ၊ ယူကလစ် ၁၅၀ ပင် ၊ မဟော်ဂနီ ၂၅၀ ပင် စုစုပေါင်း ၁၂၀၀ ပင်တို့ကို အင်အား ၉၅၀ ဦးခန့်က တပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။  ဆက်လက်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိ နေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန် ရှိသူများနှင့် အတူ  မြို့မတောင်ရပ်ကွက်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူ များ အား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လာရောက် ဆေးကုသမှုခံ ယူနေ ကြသည့် ပြည်သူများအား  အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေး စကား များ ပြောကြား ခဲ့သည်။  ယင်းနောက် ပြန်လည် ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိ နေသော ဗိုလ်မှူး ချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့် အတူ  အမှတ်(၄)ရပ်ကွက် ၊ ဗိုလ်မှူးရွာရှိ ၊ အမှတ်(၄) အခြေခံပညာ အလယ် တန်း ကျောင်း(ခွဲ)သို့ သွားရောက်ကာ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်  KG တက်ရောက်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော အသက် ၅ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ကျောင်းသူများအား အကြိမ်ပြည့်ထိုးနှံပေးခြင်း ၊ အသက်၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအနက် ကိုဗစ်-၁၉  ရောဂါထပ်ဆောင်းကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးမှု ကာလ ၆ လပြည့်ပြီးသူများအား ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေး နေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)