ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူကြိုကလေးငယ်များအား မုန့်နှင့်ပဲနို့များ လှူဒါန်းပေးဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူကြိုကလေးငယ်များအား မုန့်နှင့်ပဲနို့များ လှူဒါန်းပေးဝေ






MNP ၊    ဇွန်   ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ ပေါင်းရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ  မူကြိုကလေးငယ်များ အာဟာရဖြည့်စွက်စာအဖြစ် မုန့်နှင့်ပဲနို့များ လှူဒါန်းပေးဝေခဲ့ကြသည်။


ထိုသို့ လှူဒါန်းပေးဝေရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးနှင့် ဝန်ထမ်းများက အာဟာရဖြည့်စွက်စာ ပေးဝေရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး က‌‌လေး‌ (၆၀)ဦးအား မုန့်နှင့်ပဲနို့များပေးဝေခဲ့ရာ ကလေးများက ပျော်ရွှင်စွာဖြင့် လက်ခံရယူခဲ့ကြသည်။


အဆိုပါ လှူဒါန်းမှုပြုလုပ်ခြင်းသည် လာမည့် ဇူလိုင်လ(၂)ရက်နေ့၌ ကျရောက်မည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day) အားကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဒါန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ယခုကဲ့သို့ လှူဒါန်းခြင်းအပြင် ပြည်သူများထံ သမဝါယအကြောင်း အသိပညာပေးခြင်းနှင့် အခြားသိကောင်းစရာများ ဆွေးနွေးပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)