ရသေ့တောင်မြို့နယ်၌ လယ်သမားများအား စိုက်ပျိုးချိန်အမီ ထွန်စက်များဖြင့် ထွန်ယက်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ လယ်သမားများအား စိုက်ပျိုးချိန်အမီ ထွန်စက်များဖြင့် ထွန်ယက်ပေးမည်



MNP ၊    ဇွန်   ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားတိရိစ္ဆာန်များ သေဆုံးမှုများရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့်တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက် (၂၀) စီးဖြင့် ထွန်ယက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍ ထွန်စက်များဖြင့် ထွန်ယက်လိုသော တောင်သူများအနေဖြင့် မိမိထွန်ယက်မည့် ဧကအတွက်ကျသင့်မည့် စက်မောင်းဆီကို ကျခံ ရမည်ဖြစ်ပြီး၊ ဌာနမှ ထွန်စက်မောင်းနှင့် ထွန်စက် ငှါးရမ်းခအတွက် နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ကျခံပေးသွားမည်ဖြစ်ကြောင်းနှင့် ထွန်စက်များ၏ စွမ်းဆောင်ရည်အနေဖြင့် တစ်ရက်လျှင် ၄ ဧက (ထယ်+ထွန်=တစ်စပ်စီ) ခန့် ထွန်ယက်နိုင်ပြီး ဆီစားနှုန်းအနေဖြင့် ၁ ဧက (ထယ်/ထွန်=တစ်စပ်သာ) လျှင် ဒီဇယ် ၂ ဂါလံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရပါသည်။ ငှါးရမ်းလိုသူ တောင်သူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အမြန်ဆုံး ဆက်သွယ်လျှောက်ထားရန် လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)