ပြည်မြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားကျင်းပ



MNP ၊    ဇွန်   ၂၈

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက် ယနေ့တွင်ကျရောက်ခဲ့သည့် "ကမ္ဘာ့အအေးပေးပစ္စည်းများနေ့" အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်းမ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများတက်ရောက်ပြီး ဦးစွာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။


ယင်းနောက်   ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများက တက်ရောက်လာကြသူများအား ၂၀၂၃ ခုနှစ်၊ "ကမ္ဘာ့အအေးပေးပစ္စည်းများနေ့" အထိမ်းအမှတ်နေ့ ဗီဒီယိုင်ဖိုင်ဖွင့်လှစ်ပြသပြီး အထိမ်းအမှတ်နေ့အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။


၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို "အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့" ဆောင်ပုဒ်ဖြင့် အအေး‌ပေးဒြပ်ပစ္စည်းများနှင့်နည်းပညာများ မရှိမဖြစ်အသုံးပြုရာမှရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေးနိုင်ရန်၊ နေ့စဉ်လူမှုဘဝတွင် အဆိုပါဒြပ်ပစ္စည်းများနှင့် နည်းပညာများ၏ ထိရောက်စွာ အကျိုးသက်ရောက်မှုရှိပုံ၊ အဆင့်မြင့်အအေးပေးနည်းပညာများကို ရွေးချယ်အသုံးပြုခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ၏ ပတ်ဝန်းကျင်သာယာရေးအတွက် မြှင့်တင်ဆောင်ရွက်နိုင်ပုံတို့ကို ပြည်သူလူထုအား အသိပညာပေးနိုင်ရန် မျှော်မှန်းချက်များဖြင့် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှသိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)