Pages

Pages

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်




MNP ၊    ဇွန်   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာများအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်သည့် နေရာများတွင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များကို  ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဒန်ကျေးရွာ အဝင်တံတားတွင် ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ တံတားအား ကြံ့ခိုင်မှုကောင်းမွန်စေရန် ကြိုတင်ကာကွယ်ခြင်းတို့ကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ ဝမ်မန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး၊ ဝမ်ဒန်ကျေးရွာသူ/သားများ စုစုပေါင်း အင်အား (၆၅)ဦးဖြင့် ဆောင်ရွက်ခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရွာတိုး/ ရွာပျက်များအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဟောင်ကြန့်၊ ဝမ်ဘိုး၊ ဝမ်မန်းနှင့် မုန်းလိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ အုပ်စုစာရေးများနှင့်အတူ ဟောင်ကြန့်ကျေးရွာအုပ်စုအတွင်းရှိ အောင်သပြေကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ ခိုကဲကျေးရွာ၊ ရဲဘော်ဟောင်းကျေးရွာ၊ စံပြကျေးရွာနှင့် ပုံချို(နီး)ကျေးရွာများ၊ ပါဟုတ်ကျေးရွာအုပ်စုအတွင်းရှိ ကောင်းကဲကျေးရွာနှင့် နမ့်ယွန်းကျေးရွာ၊  ဝမ်ဘိုးကျေးရွာအုပ်စုအတွင်းရှိ ယမ်းမွန်းကျေးရွာ၊ ဝမ်မန်းကျေးရွာအုပ်စုအတွင်းရှိ တာကော်ဆားကျေးရွာ၊ မုန်းလိုက်ကျေးရွာအုပ်စုအတွင်းရှိ ပါဆန်းကျေးရွာနှင့် ဝမ်ဇလီလော်ကျေးရွာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထွန်းမြင့်လှိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment