ရသေ့တောင် မြို့နယ်တွင် မြို့မစျေးကြီးကိုစတင်ဖွင့်လှစ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့နယ်တွင် မြို့မစျေးကြီးကိုစတင်ဖွင့်လှစ်ရောင်းချ






MNP ၊    ဇွန်   ၁၄

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့တွင်ပြင်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့်ပိတ်ထားရသောမြို့မစျေးကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချခွင့်ပြုရာ စျေးရောင်းစျေးဝယ်သူများနှင့်စည်ကားလျှက်ရှိသည်။

 ရသေ့တောင် မြို့တွင်ပြင်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် တစ်မြို့လုံးနီးပါးပျက်စီးမှုဆုံးရှုံးမှုများခဲ့ရာ မြို့မစျေးလည်းအပါအဝင်ဖြစ်သည်။ 


အပျက်အစီးအမှိုက်သရိုက်များအား ဆိုင်ပိုင်ရှင်များနှင့်မြို့နယ်စည်ပင်ဝန်ထမ်းများမှဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်စည်ပင်ဝန်ထမ်းများမှအမှိုက်သိမ်းကားများဖြင့်လိုက်လံသိမ်းဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့​ကြပြီး ပြန်လည်ပြုပြင်တည်ဆောက်ရေးများဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့မှာအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်းတာဝန်ရှိသူထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)