Pages

Pages

ပုဗ္ဗသီရိမြို့နယ် မိုးရာသီ မန်ကျည်းနှင့် ကျွန်း ၁၀၂ ပင် စိုက်ပျိုး




MNP ၊    ဇွန်   ၂၈

ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီ မန်ကျည်းနှင့် ကျွန်းပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


ထို့သို့ စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ မြေကွက်လပ်အတွင်း   မန်ကျည်း ၅၀ ပင် နှင့် ကျွန်းပင် ၅၂ ပင် စုစုပေါင်း ၁၀၂ ပင် စုပေါင်း စိုက်ပျိုးခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်မှ "စိုက်ပျိုးပြီးစီးခဲ့သည့် အပင်တိုင်းကို စတင်စိုက်ပျိုးပြီးချိန်မှစ၍ ရာသီအလိုက်၊ အပင်သက်တမ်း အလိုက် မပျက်မကွက် စဉ်ဆက်မပြတ်  ထိန်းသိမ်း ပြုစုသွားကြရန်” မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment