MNP ၊ ဇွန် ၁၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ၍ ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြသဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပုံစံများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကာကွယ်ရမည့်နည်းလမ်းများ၊ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်သက်ဆိုင်သည့် ဥပဒေများ၊ ပြစ်ဒဏ်များ၊ ခံစားရမည့်ဆိုးကျိုးများ၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းအရာများ၊ယာဉ်တိုက်မှု အမျိုးအစားများ၊မော်တော်ယာဥ် မောင်းရာတွင်လိုက်နာရမည့် အချက်များ၊ဆိုင်ကယ်မောင်းရာတွင်လိုက်နာရမည့်စည်းကမ်းများ၊ခြေလျင်လမ်းလျှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ပြည်သူအားလုံးလိုက်နာကြရန် ဆိုင်ကယ်စီးလျှင်ဦးထုပ်ဆောင်းပါ ၊မေးသိုင်ကြိုးကိုသေချာစွာတပ်ဆင်ပါ စသည့်အပြင် ယာဉ်မတော်တဆမှု အမှား/အမှန် သရုပ်ပြပုံများ ယာဉ်တိုက်ခံရပါကဆက်သွယ်ဆောင်ရွက်နိုင်သောဖုန်းနံပါတ်များစသည့်အချက်များအား ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment