ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်


MNP ၊ ဇွန် ၂၃    

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်တွေမြို့ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်သည်။


အခမ်းအနားတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် ပုဂ္ဂလိကများကပရဟိတစိတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ဒုတိယအကြိမ်စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၁၅၆ သိန်း ကို ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားဖြစ်ပါကြောင်း၊ မိုခါမုန်တိုင်း ဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်း များနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦ များ ပြုပြင်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၄၀၊ ဘုရားစေတီများပြုပြင်ရန် အလှူငွေကျပ်ခြောက်သိန်း၊ သာသနိက အဆောက်အဦများနှင့်ဘုန်းတော်ကြီးကျောင်းများ ပြုပြင်မွမ်းမံရန် အလှူငွေကျပ် ၁၀ သိန်း စုစုပေါင်းထောက်ပံ့လှူဒါန်းငွေကျပ် ၁၅၆ သိန်းဖြစ်ကြောင်း၊ ပထမအကြိမ် လှူဒါန်းမှုအနေဖြင့်လည်း ဇွန် ၅ ရက်က ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ရွှေစပါးကုမ္ပဏီမိသားစုတို့ကလှူဒါန်းသည့် အလှူငွေစုစုပေါင်းငွေကျပ် ၂၀၉ သိန်း ၁ သောင်းနှင့် ပစ္စည်းတန်ဖိုး ၁၆၈ သိန်း ၂ သောင်း စုစုပေါင်းငွေနှင့်ပစ္စည်းတန်ဖိုးကျပ် ၃၇၇ သိန်း ၃ သောင်းကို စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းကြည် မှတစ်ဆင့်ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ လှူဒါန်းရရှိမှုများကို ထိရောက်အကျိုးရှိစွာ မျှဝေသုံးစွဲနိုင်ရေးအတွက် စီမံဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် ရခိုင်ပြည် နယ်အတွင်းရှိ ဒေသစာရင်းစစ်ရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ဝန်ထမ်းများကိုယ်စား ရခိုင်ပြည်နယ်စာရင်းစစ် ချုပ်ရုံးညွှန်ကြားရေးမှူး ဦးအေးငွေကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံများက ရုံးလုပ်ငန်းဆိုင်ရာများ၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြင်ဆင်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က ရှင်းလင်းတင်ပြမှု များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေခရိုင်နှင့် မြို့နယ် စာရင်းစစ်ရုံးများသို့ရောက်ရှိပြီး အဆောက်အအုံပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာအားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)