Pages

Pages

သံတွဲမြို့၌ အခြေခံစားသောက်ကုန် ကြက်သားများကိုဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး




MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဝန်ထမ်းမိသားစုများအား ဈေးနှုန်း သက်သာစွာဖြင့် ကြက်သားများကို ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချရာတွင် နယ်မြေခံ အမှတ်(၅၅)ခြေမြန်တပ်ရင်းမှလာရောက်၍ ဝန်ထမ်း မိသားစုများအား ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ကြက်သား ပိဿ (၇၀)အား တစ်ပိဿလျင် (၉၀၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝန်ထမ်းများက အားရဝမ်းသာ စွာဖြင့် ဝယ်ယူအားပေးခဲ့ကြကြောင်းသိရသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment