မက်မန်းမြို့တွင် မက်မန်းဆရာတော်၏ (၆၃)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့တွင် မက်မန်းဆရာတော်၏ (၆၃)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ



MNP ၊    ဇွန်   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မက်မန်းဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒာသီရိ၏ သက်တော်(၆၃)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် မက်မန်းဆရာတော်က ဖိတ်ကြားထားသော ဧည့်သည်များအား ငါးပါးသီလတော်ဖြင့် ချီးမြှင့်တော်မူခြင်း၊ ပင့်သံဃာ(၁၀၀)ကျော်အား ဆွမ်းများကပ်လှူခြင်းနှင့် ဧည့် ပရိတ်သတ်အား ထမင်း၊ ဟင်းများဖြင့် ကျွေးမွေးခြင်းများဆောင်ရွက်၍ သက်တော် (၆၃)ပြည့် မွေးနေ့မင်္ဂလာအား ကျင်းပခဲ့သည်။ ဆက်လက်၍ မက်မန်းဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ၊ ဘဒ္ဒန္တစန္ဒာသီရိ သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၆)ဦးအား မွေးနေ့မင်္ဂလာတော်အဖြစ် ကျောင်းသား၊ ကျောင်းသူ(၁)ဦးလျှင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ခုနှစ်သိန်းငါးသောင်းကျပ်တန်ဖိုးရှိ ရွှေသားလက်စွပ်(၁)ခုစီအား ဂုဏ်ပြုချီမြှင့်ပေးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးအတွက် ရွှေသားလက်စွပ်(၆)ကွင်း၊ တန်ဖိုးအားဖြင့် (၄၅)သိန်းဖိုး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)