Pages

Pages

လောက်ကိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်တွင် မြောင်းရေလျှံမှုများဖြစ်



MNP ၊    ဇွန်   ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းမှုဖြစ်ပေါ်ကာ လမ်မများပေါ်တွင် ရေတင်ခြင်း၊ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့ရာ မြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများ  အဆင်ပြေ‌ ချောမွေ့စွာသွားလာနိုင်ရေးအတွက် ယမန်နံနက် ၇ နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရေစီးရေလာကောင်းမွန် စေရေး   ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ရေလျှံမှုများဖြစ်ပေါ်နေသည့် လောက်ကိုင်မြို့ အမှတ်( ၁) ရပ်ကွက် ကြာပန်းဝိုင်းမှ အမှတ်(၂) ရပ်ကွက် ရှင်ဖူချောင်တံတားအထိ ရေစီးရေလာကောင်မွန်စေရေး ရေမြောင်းများတွင် ပိတ်ဆို့ နေသည့်အမှိုက်များ၊ နှုန်းများဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ညိုညိုဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment