မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊    ဇွန်   ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အထက(ရွာသစ်ကြီး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အဆိုပါ အထက်တန်းကျောင်း၌ သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ယင်းကျောင်းသား၊ ကျောင်းသူများမှ ပြည်မြန်မာ တေးသီချင်းဖြင့် ပထမပိုင်း အစီအစဉ် အား ရုတ်သိမ်းခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ကြီးကို မိုးညှင်းတပ်နယ်မှ ဗိုလ်မှူးကြီး ဝင်းလွင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်ကျော်မြင့်၊ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။


ဆက်လက်၍ ၎င်းအဖွဲ့နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများက စာသင်ခန်းများအား လှည့်လည်ကြည့်ရှု ကြကာ လိုအပ်သည့် စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြပြီး ကျောင်းသားမိဘများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြ ကြောင်း သိရသည်။


အဆိုပါ သင်တန်းကျောင်းကို ဇွန်လ(၁)ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ မိုးညှင်းခရိုင်အတွင်း စက်မှုနည်း ပညာ ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၈၁)ဦး၊ စိုက်ပျိုးရေးပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးနှင့် မွေးမြူရေးပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦးတို့ကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနည်းပြ (၁၃)ဦးနှင့် ဘာသာရပ်သင်ဆရာ ဆရာမ (၁၀)ဦးတို့က အခန်းခြောက်ခန်းခွဲ၍ အနီးကပ်ကြီးကြပ်ပြီး စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)