Pages

Pages

ရွှေတောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ပြည် - ရန်ကုန် ကားလမ်းဘေးတွင် ယနေ့နံနက် ၉း၄၅ နာရီကရွှေတောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။  


       အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၊ တိုင်းဒေသကြီးကော်မရှင်အရာရှိ  ဒေါက်တာကျော်ကိုကိုလတ် ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဝေနော်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ စက်ရုံမှူး ဦးမျိုးခိုင်‌ေအာင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး ရွှေတောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင် မင်္ဂလာကျင်းပပြုလုပ်ခဲ့ကြကြောင်းနှင့်  အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ပေ ၂၀၀ ပတ်လည်  မြေနေရာ၌  ပေ ၇၀ × ပေ ၄၅ အကျယ် RC တစ်ထပ် ရုံးအဆောက်အဦ‌ ဆောက်လုပ်သွားမည်ဖြစ် ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment