တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်





MNP ၊ မေ  ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံ ပညာအထက်တန်း ၊ အလယ်တန်း ၊ မူလတန်းကျောင်းများအားလုံးကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား ၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြောင်းသိရသည်။


အဆိုပါ အခြေခံပညာအထက်တန်း ၊ အလယ်တန်း ၊ မူလတန်းကျောင်းများဖွင့်လှစ်နေမှုအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးများမှ ပညာရေးမှူး နှင့်တာဝန်ရှိသူများက အမှတ်(၁) ၊ အမှတ်(၂) ၊ အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်းများနှင့်အခြေခံ ပညာမူလတန်းကျောင်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


တောင်ကုတ်မြို့နယ် တွင် အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း   ၊     အထက(ခွဲ) (၁၅) 

ကျောင်း ၊ အလက(၁၂)ကျောင်း ၊ အလက(ခွဲ)(၁၇)ကျောင်း ၊ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း(၃၅) ကျောင်း ၊ အမက(၉၉)ကျောင်း ၊ အမက(ခွဲ) (၂၆)ကျောင်း ၊ ကိုယ်အထက်တန်းကျောင်း(၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်း(၄)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် ထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)