ဟုမ္မလင်းမြို့နယ်၊ မြောက်ကုန်းရွာအနီးမှ တရားမဝင်ရွှေမျောဖောင်များ ဖမ်းဆီးသိမ်းဆည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့နယ်၊ မြောက်ကုန်းရွာအနီးမှ တရားမဝင်ရွှေမျောဖောင်များ ဖမ်းဆီးသိမ်းဆည်း


MNP ၊ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြောက်ကုန်းကျေးရွာအနီးတွင် တရားမဝင်ရွှေမျောဖောင်များအား ယမန်နေ့က စတင်၍ ဖမ်းဆီးသိမ်းဆည်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ မြောက်ကုန်းကျေးရွာအနီး ဥရုချောင်းအတွင်း၌ တရားမဝင်ရွှေသတ္တုတူးဖော်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့ ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ တရုတ်နိုင်ငံလုပ် (၈)လုံးထိုးအင်ဂျင်စက်တပ်လျှက် ရွှေမျောဖောင် ၁ ခု၊ တရုတ်နိုင်ငံလုပ် (၆)လုံးထိုးအင်ဂျင်စက်တပ်လျှက် ရွှေမျောဖောင် ၁ ခု၊ ရွှေမျောဖောင် ၁၇ ခု တိုအား ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာနယ်မြေများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်သမားများ က လက်နက်ကိုင်၍ ဒေသခံပြည်သူများအပေါ် ဂုပ်သွေးစုပ်နေသော တရားမဝင်ရွှေတူးဖော်မှုများကို ကျွန်းလှမြို့နယ်၊ ခန္တီးမြို့နယ်တို့တွင် ဖော်ထုတ်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ယခုအခါ ဟုမ္မလင်းမြို့နယ်အတွင်းတွင်လည်း ဖဖမ်းဆီးမှုများ ဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)