Pages

Pages

ရွှေတောင်မြို့နယ်၌ ကျောင်းသား / ကျောင်းသူ များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နွားနို့တိုက်ကျွေး





MNP ၊    ဇွန်   ၂၇

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် အမက(ဖိုးခေါင်)ကျောင်းတွင်ကျောင်းသား / ကျောင်းသူ များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းက မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နွားနို့တိုက်ကျွေးခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်း ကကျောင်းသား / ကျောင်းသူ များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများက ကျောင်းသား ၊ကျောင်းသူ( ၁၃၅) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင်ရွှေတောင်မြို့နယ်အတွင်းရှိအခြေခံပညာမူလတန်းကျောင်း( ၁၀) ကျောင်း ကို နို့ပိဿာချိန် ( ၁၅၀) ချိန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment