Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဘေးဒဏ်သင့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်






MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်တောင်သူများအတွက် ဖြန့်ချီမည့် မျိုးစပါးများကို ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ တပ်မတော် မော်တော် ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ယနေ့၊ နံနက်(၁၀)နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့သို့ မော်တော်ယာဉ်(၁၂)စီးဖြင့် ပေါ်ဆန်းရင်မျိုးစပါးအိတ်(၁၈၀၅)အိတ် ရောက်ရှိခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူတို့က မုန်တိုင်းသင့်တောင်သူများ အချိန်မီ ထွန်းယှက်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မုန်တိုင်းဘေးဒဏ်သင့် တောင်သူများအား မျိုးစပါးများ ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အဆိုပါမျိုးစပါးများကို တပ်မတော်မှ နယ်မြေခံလူခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မော်တော် ယာဉ်ပေါ်မှ မျိုးစပါးအိတ်များကို ထမ်းပိုးကူညီဆောင်ရွက်ပေးကြရာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


  ထိုနောက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းသင့် ကျေးရွာ အုပ်စု(၁၅)အုပ်စုသို့ ပေါ်ဆန်းရင်မျိုးစပါး(၂၇၀၂)တင်းနှင့် စူပါနှံကောက်မျိုးစပါး(၁၆၄)တင်း၊ စုစုပေါင်း မျိုးစပါး တင်းပေါင်း (၂၈၇၁)တင်းကို မုန်တိုင်းဘေးဒဏ်သင့် ကျေးရွာအုပ်များရှိ တောင်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော် ထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment