Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများ နှင့် ပြည်သူများအားထောက်ပံ့ပစ္စည်းများ ပေးအပ်









MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည်  မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများ နှင့် ပြည်သူများအားထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေက  မိုခါမုန်တိုင်းဘေးကြောင့် ဒေသ အတွင်း ပျက်စီးမှုများရှိခဲ့သဖြင့်  ပျက်စီးခဲ့သောဒေသများသို့ နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းများပေးအပ်မှုနှင့် ပတ် သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ရပ်ကွက်ကျေးရွာ အုပ်စု များ ရှိ ပြည်သူများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ ၊ အမျိူးသမီးရေးရာ နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့အား  ပြန် လည် ထူထောင်ရေး အတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေ ၊ ခရိုင်စီမံ အုပ်ချုပ် ရေး အဖွဲ့ဉက္ကဋ္ဌ  ဦးနေဦး ၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် တို့က ဆန် ၊ဆီ ၊ ခေါက်ဆွဲခြောက် ၊ ဂတ်(စ်)အိုး နှင့် ဂတ်(စ်)ဗူးတို့အား ထောက်ပံ့ ပေးအပ်ရာ  သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။  ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ဆန် ၁၁၁၅ အိတ် ၊ ဆီ ၁၃၁၀ ဗူး၊ခေါက်ဆွဲခြောက် ၂၀၄၂၃ ထုတ် ၊ ဂတ်(စ်)မီးဖို ၁၇၅ ခု ၊ ဂတ်(စ်)ဘူး ၇၀၀ ဗူး တို့ဖြစ်ကြောင်းသိရသည်။  


အဆိုပါအခမ်းအနားသို့  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊  အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင် နှင့်ကလေး စောင့် ရှောက်ရေးအသင်းအဖွဲ့များ ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများ စုစုပေါင်းအင်အား  ၂၂၀  ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment