ပေါင်မြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ






MNP ၊    ဇွန်   ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ပြုလုပ်ခြင်းကိုယနေ့ နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပေါင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမင်းဦး က မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများ၊ရောင်းဝယ်ဖောက်ကားသူများအနေဖြင့်ပြစ်ဒဏ်များ ကျခံနိုင်ရပါကြောင်း၊ဆေးသုံးစွဲနေသူများအနေဖြင့်ဆေးဖြတ်လိုလျင် မူးယစ်ဆေးဝါးဖြတ်လို့ရသည့် ဆေးရုံများကိုလမ်းညွန်ပို့ဆောင်ပေးနိုင်အောင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊မိမိပတ်ဝန်းကျင်တွင်မူးယစ်ဆေးဝါးပြန့်ပွားမှုမရှိစေရေး လက်ဆင့်ကမ်း ပြောကြားပေးဖို့လိုအပ်ပါကြောင်းဆွေးနွေးခဲ့သည်။


ထို့နောက်ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  မူးယစ်ဆေးဝါးသုံးစွဲသူများသည် လူစိတ်ပျောက်ကာ အသိတရားမရှိခြင်း၊ စိတ်ကြွဆေးဝါးများကိုသုံးစွဲခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်အတွင်းရှိကြွက်သားများပျက်စီးစေပြီး လူပါထိုင်းမှိုင်းစေလာနိုင်ကြောင်းကိုရှင်းလင်းဟောပြောကြားခဲ့သည်။


ထို့နောက် ကျောင်းသား/သူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကိုကြည့်ရှု့ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)