သံတွဲမြို့ အထက(ခွဲ) မြို့မ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ အထက(ခွဲ) မြို့မ၌ လူငယ်စကားဝိုင်းကျင်းပ






MNP ၊    ဇွန်   ၂၄

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့       ပူးပေါင်း  ကျင်းပသည့် “လူငယ်နှင့်မူးယစ်ဆေးဝါး”လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက အထက(ခွဲ ) မြို့မကျောင်း  ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးဇော်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာကြည်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမတင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြို “လူငယ်စကားဝိုင်း” ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာ ဦးချစ်ကိုကိုဇော်က ဦးဆောင်၍ အထက(ခွဲ)မြို့မကျောင်း Grad-9-10-11 မှ ကျောင်းသား၊ကျောင်းသူ (၆)ဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး ဆိုဘာလဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာမည့်ဆိုးကျိုးများ၊ အရေးယူဆောင်ရွက်မှုဆိုင်ရာများ နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆောင်ရွက်မှု ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြပြီး တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။


၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပြသထားသည့် န့ရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊နှင့် ကျောင်းသားသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


အဆိုပါလူငယ်စကားဝိုင်းကို လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင် ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့ အတွက်ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်သည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)