MNP ၊ ဇွန် ၂၄
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် “လူငယ်နှင့်မူးယစ်ဆေးဝါး”လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက အထက(ခွဲ ) မြို့မကျောင်း ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးဇော်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာကြည်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမတင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြို “လူငယ်စကားဝိုင်း” ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာ ဦးချစ်ကိုကိုဇော်က ဦးဆောင်၍ အထက(ခွဲ)မြို့မကျောင်း Grad-9-10-11 မှ ကျောင်းသား၊ကျောင်းသူ (၆)ဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး ဆိုဘာလဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာမည့်ဆိုးကျိုးများ၊ အရေးယူဆောင်ရွက်မှုဆိုင်ရာများ နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆောင်ရွက်မှု ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြပြီး တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။
၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပြသထားသည့် န့ရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊နှင့် ကျောင်းသားသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းကို လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင် ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့ အတွက်ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်သည်။
သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment