မိုင်းယုမြို့ပတ်လမ်း ကွန်ကရစ်ခမ်းလမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့ပတ်လမ်း ကွန်ကရစ်ခမ်းလမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး




MNP ၊    ဇွန်   ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ စည်ပင်သာယာ ရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့စည်ပင် သာယာရေးဌာနမှ သိရသည်။


ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဒုတိယဦးစီးမှူး ဦးသီဟသူက ကွန်ကရစ်လမ်း အရည်အသွေး ကောင်းမွန်ပြီး လုပ်ငန်းများအချိန်မီပြီးစီးအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ မြို့ပတ်လမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ရှစ်သန်း ကျော်ခန့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အရှည် ၁၆၀ ပေ၊ အကျယ် ၁၂ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။


ယင်းမြို့ပတ်လမ်းနေရာသည် ကုန်းအတက်ဖြစ်၍ မိုးရာသီကာလ၌ လမ်းချော်မှုများရှိသဖြင့် သွားလာရခက်ခဲလျက်ရှိပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်ပြီးဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်နှင့် သွားလာရေး အဆင်ပြေကြကြောင်း သိရသည်။


အားချာ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)