ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ

 


MNP ၊ ဇွန် ၂၂

ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားသည်။


ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကြွေးကျန်များ စနစ်တကျကောက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်မြို့နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဘဏ်ခွဲများတွင် ရယူထားသော လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ်(ပုံစံ-၇) မူရင်းများ ကွဲလွဲမှုမရှိစေရေး သက်ဆိုင်ရာလယ်ယာမြေစိစစ်ရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် အမြဲမပြတ်စိစစ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၌ ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။


ကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မရှင်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ငွေချေးသက်သေခံလက်မှတ်ဖြစ်သည့် ရှယ်ယာများထုတ်ဝေရောင်းချသည့် အရည်အသွေးမီ အများပိုင်ကုမ္ပဏီများဖြစ်လာစေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်စံနှုန်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန်၊ တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူပြည်သူများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး ဆောင်ရွက်သွားရန် မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ကော်မရှင်ရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ တာဝန် ထမ်းဆောင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရေးနှင့် ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားပြီး နိုင်ငံပိုင်ဘဏ်များက တင်ပြလာ သော ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သက်သာချောင်ချိရေးကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍရှိ စီးပွားရေးလုပ်ငန်းကြီးများအတွက် လိုအပ်သည့်အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ဘဏ်ရုံးအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)