Pages

Pages

မြန်မာပြည်ဟာ ရုရှားရဲ့ မဟာမိတ်



ရက်ပိုင်းအတွင်းက ရုရှာနိုင်ငံမှာ ကြေးစားစစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးကတော့ မုသားအင်ပါယာကြီးဖြစ်တဲ့ အနောက်အုပ်စုအကြိုက်ပေါ့။ အမေရိကန်နဲ့ အနောက်အုပ်စုဟာ ရုရှားကို ဘယ်လို အောက်လုံးထိုးရမလဲဆိုတာကိုပဲ စောင့်ကြည့်နေကြတာ။ အခုလို ဖြစ်တော့ မုသားအင်ပါယာကြီး အကြိုက်ပေါ့။ အနောက်အုပ်စုမီဒီယာတွေမှာ ပလူပျံအောင် ဖော်ပြကြတာပေါ့။

ဒီဖြစ်စဉ်ပေါ်ပေါက်လာပြီးချိန်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့တယ်။ သမ္မတပြောခဲ့တဲ့ အထဲမှာလည်း အနောက်အုပ်စုက စစ်ရေး၊ စီးပွားရေး၊ သတင်းအချက်အလက် ပစ်မှတ်အားလုံးဟာ ရုရှားကို ဦးတည်နေတဲ့ အကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်။ သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာကိုလည်း မမေ့ကြစေဖို့ သမ္မတ ပူတင်က ပထမကမ္ဘာစစ် ၁၉၁၇ ခုနှစ်တွင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်နှင့် ပြည်သူများ၏ နောက်ကွယ်တွင် နိုင်ငံရေး ဖောက်ပြန်မှုများကြောင့် ပြိုလဲသွားကြောင်း၊ ရုရှားတွေက ရုရှားတွေကို သတ်တယ်၊ ညီအစ်ကိုအချင်းချင်း သတ်တယ်၊ နိုင်ငံရေး လုပ်စားသူတွေနဲ့ အင်အားကြီးတွေက အဲဒီအပေါ်မှာ အမြတ်ထုတ်သွားခဲ့ကြောင်းလည်း ပြည်သူများကို အသိပေးပြောကြားခဲ့ပါတယ်။ ကြေးစားစစ်တပ်ရဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုကိုတော့ ပြည်တွင်း ပုန်ကန်မှုလို့ပဲ သမ္မတပူတင် က ပြောကြားသွားခဲ့ပါတယ်။

ဒီပုန်ကန်မှုဟာ ရက်ပိုင်းမျှသာ ကြာလိုက်ပါတယ်။ ကြေးစားစစ်တပ် Wagner Group နှင့် ၎င်း၏ ခေါင်းဆောင် Evgeny Prigozhin ကို ဘီလာရုသမ္မတ Alexander Lukashenko ၏ ကြားဝင်စေ့စပ်ပေးပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုဟာ ရပ်ဆိုင်းသွားခဲ့ပါပြီ။

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်း ခါးသီးလွန်းတဲ့ အတွေ့အကြုံတွေ များလှပါပြီ။ နိုင်ငံခေါင်းဆောင်များကလည်း ဒါတွေကို ကြိမ်ဖန်များစွာ ပြောခဲ့ပါတယ်။ သို့သော် ပြည်ပ သြဇာခံ တိုင်းဖျက်ပြည်ဖျက်အုပ်စု ဘက်က အသိတရားရပြီး ပြည်သူများအပေါ် စာနာတဲ့စိတ် ဝင်လာတာမျိုး မရှိပါဘူး။ တိုင်းဖျက် ပြည်ဖျက် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စောင့်စားနေကြတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ကျွန်တော်တို့ ငယ်စဉ်အရွယ် ၈၈ ဆိုတုန်းကလည်း ဒီလူတွေပဲ တိုင်းဖျက် ပြည်ဖျက် ဦးဆောင်ပြီး လုပ်ခဲ့ကြတာပဲ။ အခု ၂၀၂၁ မှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်တာဝန်ကို လွှဲပြောင်းတာဝန်ယူရတဲ့အချိန်မှာလည်း ပေါက်ကရ ပေါက်ပန်းစေ လုပ်ကြံဖန်တီးလှုံ့ဆော်မှုအမျိုးမျိုးနဲ့ ပြည်သူတွေကို သေတွင်းထဲ တွန်းပို့ခဲ့ကြတာပါပဲ။

သူတို့ရဲ့ နောက်ကွယ်မှာ အမေရိကန်လို နိုင်ငံမျိုးက တိုင်းဖျက် ပြည်ဖျက် လုပ်ဖို့ ကူညီပံ့ပိုးပေးနေတော့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေမှာ အသိတရားရပြီး ပြည်သူများအပေါ် ညှာတာစာနာရကောင်းမှန်း မသိဘဲ ဇွတ်တိုးပြီး မိုက်မဲနေတာမျိုးကို တွေ့ရပါတယ်။ 

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အင်အားကြီး မဟာမိတ်နိုင်ငံပါ။ အရှေ့တောင်အာရှမှ ရုရှားနဲ့အရင်းနှီးဆုံး နိုင်ငံလို့တောင် ဆိုရင် မမှားနိုင်ပါဘူး။ ရုရှားနိုင်ငံမှာ ကြေးစားတပ်က အာဏာသိမ်းရန် ကြိုးပမ်းမှု ရက်ပိုင်းမျှပဲ ကြာလိုက်တယ်။ လက်နက်ချသွားတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်ကို တိုင်းပြည်က ဦးဆောင်ခဲ့တဲ့ ကာလတလျှောက် အာဏာလုယူဖို့ ကြိုးစားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က မှိုလိုပေါက်နေတယ်။ တပ်မတော်ကလည်း မရှင်ဘူး။ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်ပါလို့ ခေါင်းစဉ်လှလှ တပ်ထားတဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေက ဒေသခံပြည်သူတွေဆီကပဲ ဂုပ်သွေးစုပ်နေတယ်။ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ လုပ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာလွှဲပြောင်းရယူလိုက်တဲ့အချိန်မှာ NLD ဦးဆောင်သူတချို့နဲ့ နိုင်ငံရေးလုပ်စားသူတချို့ ပူးပေါင်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ ပါဝင်လုပ်ဆောင်လာကြတယ်။

ရုရှားမှာလို ရက်ပိုင်းမျှသာ မဟုတ်တော့ဘူး။ ၂နှစ်ခွဲပြည့်တော့မယ်။ လက်နက်မဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတ်လာလိုက်တာလည်း ၅၈၀၀ ကျော်ပြီ။ 

အဓိက ပြဿနာက နိုင်ငံတော်ဝန်ကြီးချုပ် က အကြမ်းဖက်သမားတွေကို ပြည်သူတွေလို့ မြင်နေတာ။ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေက သူတို့ကို မထောက်ခံတဲ့သူ မှန်သမျှကို ပစ်မှတ်ထားပြီး လိုက်သတ်ခိုင်းနေတာ။ သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေကလည်း ဆေးကြောင်ပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ငွေပေးပြီး ခိုင်းရင် ဘယ်သူ့ကို သတ်ရမလဲ။ လူမရွေးဘူး။ ရအောင် သတ်ပေးနေတယ်။ အကြမ်းဖက်သမားတွေကို ပြည်သူလို့ မြင်ပြီး ညှာတာထောက်ထားရင်းက ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ အပြစ်မဲ့ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူတွေက နေ့စဉ်နေ့တိုင်း အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေကြရတယ်။

နိုင်ငံတကာမှာ IS ဆိုးသွမ်းလာတဲ့အချိန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စကားတစ်ခွန်း ဟာ ကမ္ဘာကျော်ခဲ့ပါသေးတယ်။ "အကြမ်းဖက်သမားတွေကို ခွင့်လွှတ်ဖို့က ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်၊ ဒါပေမယ့် သူတို့ကို သူ့ဆီပို့ဖို့က ငါ့အပေါ်မှာပဲ မူတည်တယ်။" (To Forgive The Terrorists Is Up To God, But To Send Them To Him Is Up To Me.)

ကျွန်တော်တို့ တိုင်းပြည်တွင်းမှာ ညီအစ်ကိုအချင်းချင်း သတ်ခဲ့ကြတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အသိတရားရပြီး ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ် လိုက်ပါလာလည်း ခဏပဲ။ သူတို့အတွက် ငွေကြေးအကျိုးအမြတ်မြင်လာရင် စကားမတည်တော့ဘူး။ မိုက်မဲကြပြန်တာပဲ။ ဒါတွေက မြန်မာ့သမိုင်းထဲက သင်ခန်းစာတွေပါ။ ရုရှား - မြန်မာ ရေမြေခြားသလို မတူညီမှုတွေလည်း အများကြီးပါ။ သို့သော် မဟာမိတ်တွေပါ။ အကြမ်းဖက်အန္တရာယ်တိုက်ဖျက်ရေး၊ အမေရိကန်ဦးဆောင်တဲ့ မုသားအင်ပါယာရဲ့ အန္တရာယ်တွေကို ကာကွယ်တားဆီးရေးမှာတော့ နည်းလမ်းကောင်းများကို အတုယူမှီငြမ်း အသုံးပြုသင့်ပါကြောင်း ။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment