မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှု သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှု သွားရောက်ကြည့်ရှုအားပေး

68

69


MNP ၊    ဇွန်   ၇

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၅ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။


ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံစဉ် အလယ်တန်းအဆင့် (Grade–9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို လေ့လာသင်ယူနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ခရိုင်(၅၀)က မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်း၌ တွဲဖက်ဖွင့်လှစ်ပြီး သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၄ ကျောင်းကို ဖွင့်လှစ်ပေးထားသည့်အပြင် အ.ထ.က စကုရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကိုလည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး သင်ကြားပို့ချပေးလျက်ရှိရာ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များနှင့် တိုင်းအတွင်းရှိ အခြားမြို့နယ်များမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ပညာသင်ကြားနေမှုကို မြင်တွေ့ရသည့်အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ မိမိတို့၏ မိဘများက ငွေအင်အား၊ လူအင်အားဖြင့် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပြီး ကျောင်းထားပေးမှုအပေါ် ကျောင်းသား/ကျောင်းသူများကလည်း ဆရာ/ဆရာမများ၏ သင်ကြားပြသမှု ဆိုဆုံးမမှုများကိုနာခံ၍ ပညာတတ် လူတော်လူကောင်း များဖြစ်အောင် စည်းကမ်းရှိရှိ ကြိုးစားသင်ယူပြီး ဘာသာရပ်များအလိုက် မိမိတို့စိတ်ပါဝင်စားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော် ကြိုးစားသွားကြစေလိုကြောင်း ဆုံးမဩဝါဒစကား ပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အ.ထ.က စကု စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာ သင်ကြား နေမှုများကို လှည့်လည်ကြည်ရှုအားပေးပြီး ကျောင်းသား/ကျောင်းသူများအတွက် စာရေး ကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ ကျောင်းတွင် ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


စကုမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဘာသာရပ်အလိုက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး စက်မှုဘာသာ ရပ်တွင် ဆရာ/ဆရာမ ၆ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ဆရာ/ဆရာမ ၅ ဦး၊ မွေးမြူရေး ဘာသာရပ်တွင် ဆရာ/ဆရာမ ၂ ဦးနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမ ၈ ဦး၊ စုစုပေါင်း ဆရာ/ဆရာမ ၂၁ ဦးဖြင့် စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ပညာရပ်များကို (၃)နှစ်ကြာ စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ လေ့ကျင့်သင်ကြားပေးသွားဖြစ်ကာ ကျောင်းတွင်း သတ်မှတ်ချက် အရည်အချင်းများနှင့် ကိုက်ညီပြီးတက်ရောက် ပြီးစီးသူများအနေဖြင့် သတ်မှတ်ထားသော တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများတွင် လွယ်လင့်တကူ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိစေနိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက စကုမြို့ အ.ထ.က(ခွဲ) တောင်ရပ်ကျောင်းနှင့် စကုမြို့ မိခင်နှင့် ကလေးမူကြိုကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ မုန့်နှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages