ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်



MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ pptt ၉/၂၀၂၃ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


‌‌ရှေးဦးစွာ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းက အဖွင့် အမှာစကားပြောကြားပြီး အမှတ်(၄၈) မူးယစ်တပ်ဖွဲ့စု(ကျောက်ဖြူ)မှ တပ်ဖွဲ့စုမှူး ရဲမှူးသန်းဇော် က မူးယစ်‌‌ဆေးဝါးအမျိုးအစားများနှင့် ၎င်းတို့၏အမျိုးအမည်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်  ဖြစ်ပေါ် လာမည့်ဆိုးကျိုးများ၊  မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်‌‌‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဉပဒေဖြင့် ကန့်သတ်ထားသော‌ ဆေးဝါးများ စသည့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးများ ဟောပြောသည်။ ထို့နောက် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်ခိုင်က လူကုန်ကူးခြင်းကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုဆိုင်ရာဉပဒေများကို power point ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများက အမှတ်တရလက်‌ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)