၁၃ ရာစု နရသီဟပတေ့မင်းကြီးတည်ထားသည့် သံတော်ကြားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာဖူးမြှော်နိုင် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

၁၃ ရာစု နရသီဟပတေ့မင်းကြီးတည်ထားသည့် သံတော်ကြားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာဖူးမြှော်နိုင်

161

162

163

164


MNP ၊    ဇွန်   ၅

မန္တလေးတိုင်းဒသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းရှိ ၁၃ ရာစု (၁၂၈၄) ခုနှစ်၊ နရသီဟပတေ့မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စိမ်းဖန့်ဖန့်သဲကျောက်အုတ်တို့ဖြင့် တည်ထားသည့် သံတော်ကြားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။


သံတော်ကြား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ပုဂံမြို့ဟောင်း သဗ္ဗညုဘုရား၏ မြောက်ဘက်တွင်တည်ရှိပြီး ဉာဏ်တော် ၁၉ ပေခွဲရှိကာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စိမ်းဖန့်ဖန့်အရောင်ရှိ သဲကျောက်အုတ်များဖြင့် ပြုလုပ်ထားသည်။ အေဒီ ၁၂၈၄ ခုနှစ် တွင် နရသီဟပတေ့မင်းကြီး တည်ထားကိုးကွယ်ခဲ့ကြောင်းလည်းသိရသည်။ နန်းတော်မှာအနောက်ဘက်အရပ်တွင်ရှိပြီး ဂူဘုရားမှာအနောက်ဘက်သို့ မျက်နှာမူလျက်ရှိသည်။ နန်းတော်အတွင်းမှ မင်းကြီးသမ်းတော် မူသည်ကို ကြားရသည့်နေရာတွင် တည်ထားခြင်းကြောင့် သမ်းတော်ကြားဘုရားဟုခေါ်ကြောင်း လည်းသိရပြီး လာရောက်ဖူးမြှော်လေ့လာနိုင်ပါတယ်။


သံတော်ကြားဘုရား၏ တောင်ဘက်တွင် သဗ္ဗညုဘုရား၊ အရှေ့ဘက်တွင် တဘက်ကျဘုရား၊ ပိဋကတ်တိုက်၊ အနောက်ဘက်နှင့်အနောက် မြောက်ဘက်တွင် ရွှေဂူကြီးဘုရား ခေါ်နန်းဦးဘုရား၊ အောင်မြေသာနန်းတော်ရာတို့တည်ရှိကြောင်းလည်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages