MNP ၊ ဇွန် ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်(၇) နာရီအချိန်က ကက်းရုံးရပ်ကွက်ရှိ ကမ်းခြေဆင်းလမ်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ရဲစခန်းနှင့် ဆေးရုံကြားရှိ ကမ်းခြေဆင်းလမ်းရှိ သစ်ကိုင်း၊သစ်ခက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ အမှိုက်များကို အမှိုက်သိမ်းယာဥ်ဖြင့် စနစ်တကျ စွန့်ပစ်ခြင်းများအား ဆောင်ရွက်ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment