ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျှက်ရှိိရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ သင်ကြားပို့ချလျှက်ရှိိရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု







MNP ၊    ဇွန်   ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  သင်ကြား ပို့ချ လျှက်ရှိိရာ ယမနိနေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြသည်။ 


မောင်တောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ပညာသင်ကြား ပို့ချ ပေး လျက် ရှိရာ ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ ၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဦး နေဦး  ၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း ၊ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်း နှင့် တာ၀န်ရှိ သူများသည် ယနေ့ နံနက် ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအတွင်း ကျောင်းသား၊ ကျောင်း သူ များ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား ကြည့်ရှုပြီး ကျောင်းအုပ်ဆရာကြီး ၊ ဆရာ ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားခဲ့သည်။ ယင်းနောက် ညနေပိုင်း တွင် မုန်တိုင်းဘေး ကြောင့် ပျက်စီးခဲ့သည် ကျောင်းများအား ယာယီအသစ် ပြန်လည် တည်ဆောက်ခဲ့သော သဝင်ချောင်း ခွဆုံ (အောင်သုခ ကျေးရွာ)ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ပဲရုံ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ၊  မြို ယု ကျေးရွာရှိ (ယာယီ) အခြေခံပညာမူလတန်းကျောင်း ယာယီ စာသင်ဆောင် များ အား တည်ဆောက်ပြီးစီးသည့် အခြေ အနေများ နှင့် ကျောင်းသား ၊ ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ယူနေမှုများအား လှည့်လည်ကြည့်ရှုကာ ယာယီစာသင် ဆောင်များ အတွက်  လိုအပ်သည်များအား တာဝန်ရှိသူများအား မှာကြားခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက်  မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပဲရုံ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအား ပျက်စီး ပြိုလဲနေမှုအား ကြည့်ရှုကာ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညိုပြီး  ဘုန်းတော်ကြီးကျောင်း ပြန် လည် တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။  


မောင်တောမြို့နယ် အတွင်းရှိ အခြေခံ ပညာ အထက် တန်းကျောင်း  ၁၀  ကျောင်း၊ အထက်တန်းကျောင်းခွဲ ၆ ကျောင်း ၊ အလယ် တန်း ကျောင်း  ၁ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း  ၄၅ ကျောင်း ၊ မူလတန်း ကျောင်း ၃၃ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁ ကျောင်း  နှင့် မြိုယုကျေးရှိ အမကယာယီ ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၂၁ ကျောင်းဖွင့်လှစ်လျက်ရှိရာ မောင်တောမြို့အနေဖြင့်  ဇွန်လ ၁ ရက်နေ့တွင် အခြေခံ ပညာ ကျောင်းများရှိ အထက်တန်း ကျောင်း သား/ သူ ၁၇၃၉ ဦး ၊ အလယ်တန်း ကျောင်း သား/သူ ၃၄၄၄ ဦး ၊ မူလတန်း ကျောင်းသား/သူ ၁၅၇၀၆ ဦး  စုစုပေါင်း ကျောင်းသား/သူ ၂၀၈၈၉ ဦး က သက်ဆိုင်ရာ ကျောင်းများတွင်  တက်ရောက် ပညာသင်ယူ လှျက်ရှိကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)