မာန်အောင်မြို့၌ မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအားမျိုးစေ့နှင့်ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းလက်တွေ့မျိုးစေ့ချသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌ မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအားမျိုးစေ့နှင့်ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းလက်တွေ့မျိုးစေ့ချသရုပ်ပြပွဲကျင်းပ






MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ်၊မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင်RS to CS မျိုးစေ့ထုတ် စိုက်ခင်း(၁၀၀)ဧကစိုက်ပျိုးမည့် တောင်သူများအား စပါးမျိုးစေ့နှင့် ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းလက်တွေ့မျိုးစေ့ချသရုပ်ပြပွဲကို ယနေ့ မွန်းလွဲ၁နာရီက မာန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမနှင့် ခအုန်းမော်ကျေးရွာအုပ်စု၊ခအုန်းမော်ရွာသစ်တောင်သူ ဦးမောင်သိန်းလယ်ကွက်၌ပြုလုပ်ခဲ့သည်။


      အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေ ဦးစီးဌာနမှ ဦးစီးမှူးဦးထွန်းစောက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွက်မျိုးစေ့နှင့်ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။


        ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများက မိုးစပါးတွင်RS to CS မျိုးစေ့ထုတ်စိုက်ခင်း(၁၀၀)ဧကစိုက်ပျိုးထုတ်လုပ်မည့် ကျေးရွာအုပ်စု(၅)အုပ်စုဖြစ်သည့်  ခအုန်းမော်ကျေးရွာအုပ်စု၊တောထူကျေးရွာအုပ်စု၊မီးလောင်ထောင့်ကျေးရွာအုပ်စု၊မျှော်တော်ဦးကျေးရွာအုပ်စုနှင့်ငပုန်ကုန်းကျေးရွာအုပ်စုများမှတောင်သူများအား၊ဆင်းသုခမျိုးကောင်းမျိုးသန့်မျိုးစေ့နှင့်ဓါတ်မြေသြဇာများထောက်ပံ့ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ 


       ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခအုန်းမော်ကျေးရွာအုပ်စု၊ခအုန်းမော်ရွာသစ်တောင်သူ ဦးမောင်သိန်း၏ ကွင်းအမှတ်(၈၆၀)(ခ)ဦးပိုင်အမှတ်(၁၂၆)ရှိ လယ်ကွက်တွင် မျိုးစေ့ထုတ်(၁၅)ဧကမှ  (၃)ဧက အတွက် ပျိုးခင်း မျိုးစေ့ချ သရုပ် ပြသ နေမှုအား ကြည့်ရှုခဲ့ကြသည်။


  အဆိုပါ စပါးမျိုးစေ့နှင့်ဓါတ်မြေသြဇာပေးအပ်ပွဲနှင့်ကွင်းလက်တွေ့ မျိုးစေ့ချ သရုပ်ပြပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)