မိုင်းတုံမြို့နယ်၌ (၂၀၂၃ ခုနှစ်) မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ်၌ (၂၀၂၃ ခုနှစ်) မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ



MNP ၊    ဇွန်   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ပန်ကျိုင်းကျေးရွာအနီတွင် ၂၀၂၃ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ယနေ့နံနက်(၈ ) နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ မိုင်းတုံအခြေချ စစ်​ဗျူဟာမှူး​ကြီး ဗိုလ်မှူးကြီး​ဇော်မင်းဦး၊ ခရိုင် လ.ဝ.က မှူး ဦးလှအေး၊ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးလွင်မိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ရာ  သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည့် ဗိုလ်မှူးကြီး​ဇော်မင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပျိုးပင်များကို စုပေါင်းစိုက်ပျိုး ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တပ်ရင်းတပ်ဖွဲ့များ၊ မိုင်းတုံခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လားဟူယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း(၃၁၂)ဦး တက်ရောက်ကြသည်။ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာ တိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ မြေကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေခြင်း၊ ရာသီဥတုညီညွတ်မျှတ‌ စေခြင်း၊ သစ်‌တောသယံဇာတများ ရေရှည်တည်တံ့‌ခြင်းစသည့် အကျိုးကျေးဇူများ ရရှိနိုင်ရေး ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော ကျွန်း (၂၃၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ မန်ချက်ရှား (၁၅၀)ပင်၊ စိန်ပန်းနီ(၂၅)ပင်နှင့် စိန်ပန်းပြာ(၂၅)ပင် စုစုပေါင်း(၅၃၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း ​မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။


မျိုးကျော်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)