ရွှေတောင်မြို့နယ် တွင်အခြေခံပညာစာသင်ကျောင်းများ၌ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင်အခြေခံပညာစာသင်ကျောင်းများ၌ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ






MNP ၊    ဇွန်   ၂၁

ပဲခူး တိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထက ( ရွှေတောင်) နှင့်အထက ( ကြာနီကန်) ကျောင်းများရှိ ၂၀၂၃ - ၂၀၂၄ပညာသင်နှစ် KG စတင်တက်ရောက်နေသောအသက် ( ၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား / ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုယမန့်နေ့ နေ့လယ်ပိုင်းက. ထိုးနှံပေးခဲ့သည်။


     အဆိုပါ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံရာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦး နှင့် ဆရာ / ဆရာမများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များမှ သွားရောက်၍ လိုအပ်သည်များကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။


       ရွှေတောင်မြို့နယ်အတွင်းကိုဗစ် - ၁၉ရောဂါကူးစက်မှုကို ဟန့်တားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်၌ KG စတင်တက်ရောက်နေသောအသက် ( ၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား / ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ပုဂ္ဂလိကကျောင်းများအား

ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊အသက် ( ၁၂) နှစ်မှ အသက် ( ၁၈)  နှစ်အတွင်းရှိကျောင်းသား / ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး ( ဒုတိယ အကြိမ်) ထိုးနှံပေးခြင်း၊အသက် ( ၁၈) နှစ်အထက်ပြည်သူများအားကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကို မင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)