ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်









MNP ၊    ဇွန်   ၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပ ပြု လုပ်ခဲ့ကြသည်။  


ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း ၊ သားသမီးများအတွက်  တက္ကသိုလ်အဆင့် ကျောင်းသား/ သူ  ၈ ဦး အတွက် တစ်ဦးလျှင် ၅၀၀၀၀ ကျပ် ၊ အထက်တန်းအဆင့်  ကျောင်းသား/သူ  ၆ ဦး  အတွက် တစ်ဦး လျှင် ၃၀၀၀၀ ကျပ် အလယ်တန်းအဆင့် ကျောင်းသား/သူ  ၇ ဦးအတွက်  တစ်ဦးလှျင် ၂၅၀၀၀ ကျပ် ၊ မူလတန်း အဆင့် ကျောင်း သား/သူ  ၁၂ ဦး အတွက် တစ်ဦးလျှင် ၂၀၀၀၀ ကျပ် ၊ Kg အတန်းအတွက် တစ်ဦးလျှင် ၂၀၀၀၀နှုန်း၊  ကျောင်းသုံးဗလာစာအုပ် နှင့် ကျောင်းဝတ်စုံများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင် ၊ လက်ထောက် ညွန်ကြား ရေးမှူး ဦးကျော်ဇောအေး  နှင့် တာဝန်ရှိသူများက  ဝန်ထမ်း သား၊သမီးများအား အသီးသီး ထောက်ပံ့ ပေးအပ် ခဲ့ကြရာ စုစုပေါင်း ကျောင်းသား/သူ (၃၇)ဦးအတွက် ထောက်ပံ့ ငွေမှာ တစ်ဆယ်နှစ်သိန်းကိုးသောင်း ငါးထောင်ငါးရာ ဖြစ်ပြီး ဝန်ထမ်းမိဘ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်  

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)