Pages

Pages

ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ


MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈:၄၅ မိနစ်အချိန်က အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျောက်တော်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေး၊ ပြည်သူများ သစ်တောသစ်ပင်များကို ပိုမိုချစ်ခင် တန်ဖိုးထားတတ်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး ရည်ရွယ်ကာ  မန်ဂျန်ရှား (၂၀၃) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့မှ ဗိုလ်မှူးချုပ်အောင်သူဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းအုပ်ဆရာကြီးနှင့် ​ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ စုစုပေါင်း အင်အား (၂၀၀)ဦးခန့်က  သတ်မှတ်သည့်နေရာများတွင် တပြိုင်နက် တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။


ဖြူဖြူဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment