(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုကြိုဆို


MNP ၊ ဇွန် ၁၂

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် ၁၅ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေး တံဆိပ် ၁၉ခု ဆွတ်ခူးကာ နိုင်ငံအလိုက် အဆင့်(၆) ရရှိခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ခေါင်းဆောင်သော မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲ ရ အားကစားအဖွဲ့သည် ၁၀-၆-၂၀၂၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြသည်။


အဆိုပါ မြန်မာမသန်စွမ်းအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေး တံဆိပ် ၁၀ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်သုံးခု၊ ငွေ တံဆိပ် ခြောက်ခု၊ ကြေးတံဆိပ်လေးခု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်နှစ်ခု၊ Goalball(မျက်မမြင်) အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ် ၅၆ ခု ရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)