MNP ၊ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းကစ၍ အငြိမ်းစားဝန်ထမ်း များ၏ ကာယကံရှင်လက်ဝယ်သို့ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းဦးရေ(၁၃၂၁)ဦးရှိရာ ယနေ့တွင် အငြိမ်းစားဝန်ထမ်း (၂၆၅)ဦးအတွက် ထုတ်ပေးရန်သတ်မှတ်ထားရှိပြီး၊ သက်ကြီးပင်စင် စားနှင့် နာမကျန်ဖြစ်နေသူများကို ဦးစားပေးစနစ်ဖြင့် ဘဏ်ဝန်ထမ်းများက မှတ်ပုံတင်၍ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
အဆိုပါပင်စင်လစာငွေများကို လစဉ်ပုံမှန်လဆန်း(၂၁)ရက်နေ့မှလကုန်နေ့အထိ၊ ပုံမှန် နံနက်(၈)နာရီမှမွန်းလွှဲ(၂) နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို မှတ်ပုံတင်စနစ်ဖြင့် စနစ်တကျထုတ်ပေးလျက်ရှိပြီး၊၊ လာရောက်ထုတ်ခြင်းမရှိသူများအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့းစီးပွားရေး ဘဏ်မန်နေဂျာထံမှသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment