Pages

Pages

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် လေဘေးသင့်ပြန်လည်ထူးထောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး





MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် လေဘေးသင့် ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ဗိုလ်မှူးချုပ် ဆန်နီအုန်းက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းများ၊ဘာသာရေးအဆောက်အအုံများ၊လူနေအိမ်များ နှင့် အခြားအဆောက်အအုံများ ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်ထူထောင်နိုင်ရေးအတွက် တည်ဆောက်ရေးပစ္စည်းများ၊ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပါက ပျက်စီးသည့်ဒေသများသို့ မြန်မြန်ဆန်ဆန်ရောက်ရှိဆောင်ရွက်ရန်၊ဘာသာရေးအဆောက်အအုံများနှင့်စာသင်ကျောင်းများကို ဦးစားပေးဆောင်ရွက်ကြရန်နှင့်ကယ်ဆယ်ရေးပစ္စည်းများအာား စာရင်းဇယာများတိကျမှန်ကန်စွာပြုစုဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့သည်။


ယင်းနောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်းမုန်တိုင်​​း​ကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ပြီးစီးမှုအခြေအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး က မိုခါ မုန်တိုင်း တိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ဆောက်လုပ်ဆဲအခြေအနေ နှင့် မုန်တိုင်းသင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်နိုင်မှုများအားရှင်းလင်းတင်ပြရာ တင်ပြချက် များ နှင့် စပ်လျဉ်း၍  လိုအပ်သည့်များကို ဗိုလ်မှူးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment